ဘိုကလေး မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်တွင်း မီးဘေးလုံခြုံရေး လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ် (၁)နာရီခွဲ အချိန်၌ ဘိုကလေးမြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေးနှင့် စပ်လျဉ်းသည်များအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
စစ်ဆေးဆောင်ရွက်ရာသို့ ဖျာပုံခရိုင်၊ မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦး၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်နှင့် အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘိုကလေးမြို့မရဲစခန်း၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှု အခြေအနေများ၊ မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိ ဆောင်ရွက်ထားမှုအခြေအနေများ နှင့်မီးငြှိမ်းသတ်ရေးအတွက် ရေရရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ ဈေးသူ/သားများအား မီးစနစ်တကျဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့် လောင်စာများအား စနစ်တကျစွန့်ပစ်ရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကပ်များ စနစ်တကျထားရှိရန် စစ်ဆေးခြင်းနှင့် မီးသတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)