ရမည်းသင်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဘော်လီ‌ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အားကစားခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက ရမည်းသင်းမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်သည်။

ပုသိမ်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်များပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက စည်သာယာ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် အ.ထ.က(၆)တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ ဟောပြောပွဲကို သြဂုတ်လ ၁၁ ရက်နေ့၊ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော ပေ ၂၀ ရှိ ထို့ကော်ကိုး-ကျော်ခိုရွာ ကျေးရွာချင်းဆက်လမ်းတံတားအား ပေ ၆၀ ရှိ  သံဘေလီတံတားဖြင့် အစားထိုးပြင်ဆင်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် သြဂုတ်လ (၇) ရက်က မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေတိုက်စားမှုကြောင့် ပြတ်ကျသွားသည့် ထို့ကော်ကိုး-ကျော်ခို ကျေးရွာချင်းဆက် ပေ ၂၀ သံကူကွန်ကရစ် ချဥ်းကပ်လမ်းတံတားအား ပေ ၆၀ သံဘေလီတံတားဖြင့် ပြန်လည် ပြင်ဆင်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် ဒေါနကြယ်စင်ကုမ္ပဏီတို့ပူးပေါင်း၍  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြိတ်မြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဆုချီးမြှင့်ပွဲကို အထက(၃)ကျောင်း ပညာရတနာခန်းမ၌ ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ပြီး အထိမ်းအမှတ် ပြိုင်ပွဲ များတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်၍ KG ကလေးငယ်များအား ဗီတာမင်အားဆေးနှင့် သွားပွတ်တံများ ပေးအပ်၍ ကျောင်းသား/သူများအား သံချဆေး တိုက်ကျွေးခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရှေးဦးပြုစုခြင်း(နည်းပြ) သင်တန်း ဖွင့်လှစ်ပို့ချ

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းကို ဩဂုတ်လ ၉ ရက်နေ့ နံနက် ၈ နာရီက ချမ်းအေးသာစံမြို့နယ်ရှိ ရတနာသိင်္ဂီဟိုတယ်တွင် ဖွင့်လှစ်ခဲ့သည်။

ကျိန္တလီမြို့ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဝန်ကြီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံမှာကြား

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဩဂုတ်လ (၁၀)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဘားအံမြို့ အမှတ်(၁)မူလတန်းကြိုကျောင်းနှင့် အမှတ်(၂)မူလ တန်းကြိုကျောင်းများသို့ သွားရောက်ကာ ကလေးငယ်များကို စနစ်တကျပြုစုပျိုးထောင်ပေးရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် ကျောင်းပတ်ဝန်းကျင်ဖြစ်စေရေး၊ ကောင်းမွန်သောကျန်းမာရေးအလေ့အကျင့်ကောင်းများ စွဲမြဲကျင့်သုံးသည့် ယဉ်ကျေးလိမ္မာသည့် ကလေးသူငယ်များ ဖြစ်စေရေး တို့အတွက် လေ့ကျင့်သင်ကြားပေးရန်တို့ကို မှာကြားပါသည်။

ကျောက်ဆည်မြို့တွင် မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များ အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကျောက်ဆည်မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ၌ အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီက သီရီသာသနာ့ဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိ ရသည်။

မာန်အောင်မြို့နယ်တွင် ရေလမ်းကြောင်းဖြင့်သွားလာနေကြသည့် ခရီးသွားပြည်သူများအား (Life Jackets) အသက်ကယ်အင်္ကျီများ စနစ်တကျဝတ်ဆင်တတ်စေရေး အသိပညာပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရေလမ်းကြောင်းဖြင့်သွားလာနေကြသည့် ခရီးသွားပြည်သူများအား (Life Jackets) အသက်ကယ်အင်္ကျီများ စနစ်တကျဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းအား ယနေ့နေ့လယ် ၁၂ နာရီခွဲက မာန်အောင်မြို့ကို အခြေပြုပြေးဆွဲနေသည့် အလောင်းဘုရားသင်္ဘောနှင့်ရွှေဝတီသိဏ်းမော်တော်ယာဉ်ပေါ်၌ ဆောင်ရွက်ကြသည်။
Subscribe to