ရမည်းသင်း ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အားကစားခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက ရမည်းသင်းမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် သစ္စေးအသင်းနှင့် ရွာတန်းအသင်းတို့ ယှဉ်ပြိုင်ရာ ရွာတန်းအသင်းအား သစ္စေးအသင်းကအနိုင်ရရှိကာ ဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းက ပထမရရှိသည့် သစ္စေးအသင်းအား ငွေသားဆု(၁၅၀,၀၀၀)ကျပ်နှင့် ဆုဖလားချီးမြှင့်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်ဇော်မိုးနှင့် မြို့နယ်လဝကဦးစီးမှူးဦးရဲဇော်ဦးနှင့် တာဝန်ရှိသူများသည် ရွာတန်းအသင်းအား ဒုတိယဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆု၊ ရိုက်ခုတ် အကောင်းဆုံးဆုတို့အား အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)