ပုသိမ်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်များပြုလုပ်

ပုသိမ်ကြီး   ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက စည်သာယာ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်မှူး ဒေါ်စန္ဒာဝင်းက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး  စီမံချက်များနှင့် ရည်မှန်းချက်များ၊  လုပ်ငန်းရှင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာမူများ၊ ကလေးများအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည့်အလုပ်များ စသည်တို့အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသားလူငယ်များ စာပေလေ့လာ ဖတ်ရှုမှုကောင်းမွန်စေရန် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရူလေ့လာရန် ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)