ကျောက်ဆည် ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကျောက်ဆည်မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ၌ အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီက သီရီသာသနာ့ဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိ ရသည်။
အခမ်အနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကာ ဇော်သူဟိန်း မင်္ဂလာဆိုင်းတော်အဖွဲ့မှ ဓမ္မတေးဖြင့်ပူဇော်ပြီး ဘဒ္ဒန္တပညာသာမိ မယ်ဇယ်ပင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သမ္မောဒနိယ ဩဝါဒကထာနာယူကြည်ညိုကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာသာမိ မဟာဂန္ဓဝါစကကဏ္ဍိတ ရွှေစေတီကျောင်းတိုက်မှ အောင်လက်မှတ်ဆပ်ကပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းမိန့်ကြားခဲ့ပြီး ဘဒ္ဒန္တပညာသာမိ မယ်ဇယ်ပင်ပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ ရေစက်သွန်းချ အနုမောဒနာတရား နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူမျာက ပင့်သံဃာဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်လုံးဆိုင်ရာဝိနည်းစာမေးပွဲ၌ မူလအဆင့်၊ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်၊ ပဉ္စမအဆင့်၊ ဆဋ္ဌမအဆင့်၊ သတ္တမအဆင့်၊ အဋ္ဌမအဆင့်၊ နဝမအဆင့်များတွင် အောင်မြင်တော်မူခဲ့ကြသည့် သံဃာတော်များအား စာအောင်လက်မှတ်များနှင့် စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သက်မောင်