ချမ်းအေးသာစံ သြဂုတ် ၁၁
အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ ဟောပြောပွဲကို သြဂုတ်လ ၁၁ ရက်နေ့၊ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ဟောပြောပွဲတွင် ချမ်းအေးသာစံမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းဦးက အဖွင့်အမှာစကား ပြောကြား၍ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ လူငယ်ရေးရာအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ကိုယ်စား ဆရာမ ဒေါ်သန်းသန်းဆွေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲနှင့်အတူ အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ သုတရသစာအုပ်များ ၊ စာစောင်ခင်းကျင်းပြသခြင်းဆောင်ရွက်ခဲ့ပြီး ကျောင်းသားကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်