မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မြန်မာ့ရိုးရာဆံထုံး ထုံးနည်းသင်တန်းဖွင့်လှစ်သင်ကြား
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သော မြန်မာ့ရိုးရာဆံထုံး ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီက မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ဖွင့်လှစ်သင်ကြားရာ အမျိုးသမီးရေးရာအဖွဲ့မှသင်တန်းသားများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ သင်တန်းသားများ၊ သင်တန်းနည်းပြဆရာမနှင့် တာဝန်ရှိသူများ တက်ရာက်ခဲ့ကြသည်။