မိုင်းပန်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ (ပထမအကြိမ်) ထောက်ပံ့သည့် ဓာတ်မြေဩဇာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ (ပထမအကြိမ်) ထောက်ပံ့သည့် ဓာတ်မြေဩဇာ ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။