နမ့်ခမ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျသည့်နေရာများတွင် ပြင်ဆင်ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေး၊ ထောက်ပံ့ငွေများပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သော နမ့်ခမ်း-နမ့်ဖတ်ကာလမ်းအား မူဆယ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများသည် ဩဂုတ်လ ၁၀ ရက်နေ့၊ မွန်းလွဲ ၁၂နာရီ ခွဲအချိန်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။