ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပုသိမ်တက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း”အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေး

လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည်စုံသောလူငယ်လူရွယ်များ ဖြစ်လာစေရေး၊ လူအများနှင့်ဆွေးနွေးပြောဆိုမှုပြုတတ်စေရေး အစရှိသည့်ရည်ရွယ်ချက်များဖြင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပုသိမ်တက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက် မြေဩဇာကြဲပက်ပွဲ ကြည့်ရှုအားပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးစံပြကွက် မြေဩဇာကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲက မိုင်းကိုး ကျေးရွာအုပ်စုရှိ တောင်သူ ဦးဝင်းလွင်ဦး၏ မနောသုခမိုးစပါးစံပြကွက်(၅)ဧကတွင် ကျင်းပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်

ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ ၂၉၅၃ ဦးအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး လျာထားထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ဇေယျာသီရိမြိုနယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ ၂၉၅၃ ဦးအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး လျာထားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်၌ ယာဥ်အန္တရာယ်ကင်းရှင်းရေးယာဉ်လမ်းစည်းကမ်းအား လိုက်နာနိုင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်မှုဖြင့် အမှတ် (၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အမ်းမြို့ မြို့ဝင်ကျော်ဇံဆီဆိုင်ကုန်း လမ်းဆုံတွင် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအား လိုက်နာနိုင်ရေး အသိပညာပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

ဖားကန့်မြို့နယ်၊ ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန် သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြိုနယ်အတွင်းရှိ ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန် သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် Siphon နည်း ရေပိုက်ဆက်၍ ရေစုပ်ထုတ်ခြင်းနှင့် ရေစီးကြောင်းဖောက်ချခြင်းနည်းလမ်း နှစ်မျိုးတို့ဖြင့် ယမန်နေ့ နံနက်ပိုင်းက ရေကန်အတွင်း၌ ရေဝိတ်လျှော့ချခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိ‌ကြောင်း သိရသည်။ မြို့နယ်အဆင့်ကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျေးရွာအဆင့်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီမှ လုံးခင်း ဖားကန့်တူးဖော်ရေးဌာနက စီမံဆောင်ရွက်ပေးသည့် ကျောက်မျက်ကုမ္ပဏီ (၄) ခု၏ ယာဉ်/ယန္တရား (၄) စီးဖြင့် အကျယ် (၅) ပေ၊ အနက် (၁၀) ပေ၊ အရှည် (၁၁၀၀) ပေခန့်ရှိသော ရေနုတ်မြောင်းဖောက်လုပ်ပြီး ရေကန်အစပ်‌ ဒိုင်ကျန်အမာခံကျောက်ခုံအား အကျယ် (၅) ပေနှင့် အနက် (၆) လက်မနှုန်းဖြင့် ယမန်နေ့ ညနေ ၄ နာရီက ရေစီးကြောင်းများ ဖောက်ချနိုင်ခဲ့သည်။

တွံတေးမြို့နယ်၌ ငှက်ဖျားရောဂါကင်းဝေးရေး ကွင်းဆင်းလုပ်ငန်းဆောင်ရွက်မှု သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ငှက်ဖျားရောဂါကင်းဝေးရေး ကွင်းဆင်းလုပ်ငန်းဆောင်ရွက်မှုသင်တန်းကို မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ(ပထမအသုတ်) အဖြစ် ယနေ့နံနက်ပိုင်းက ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် တိုင်းရင်းဆေးဖြင့်(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်းပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်(၁၀)နာရီအချိန်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျောက်ဆောက်အုပ်စု၊ ကျောက်ဆောက်ကျေးရွာ ဘုန်းကြီးကျောင်းသို့ ကွင်းဆင်းပြီး ကျေးရွာသူ/ ကျေးရွာသားများနှင့် တွေဆုံခဲ့ကြသည်။

အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုအကြာင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုအကြာင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ မော်လမြိုင် သြဂုတ် ၂၄ ခရိုင်(ပြန်/ဆက်)
Subscribe to