ကျောက်ဖြူမြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကျောက်ဖြူမြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ ကျောက်ဖြူ ဩဂုတ် ၁၂ ဖြိုးဝေလင်း

ဟုမ္မလင်း၌ ဓာတ်မြေဩဇာပေးအပ်ပွဲနှင့် စပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းနည်းပညာပို့ချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးမျိုးစေ့ ထုတ်တောင်သူများနှင့် မိုးစပါးတင်း (၁၀၀) အထက် ထွက်ရှိရေးဆောင်ရွက်ရမည့် တောင်သူများအား ဓာတ်မြေဩဇာပေးအပ်ပွဲနှင့် စပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းနည်းပညာပို့ချ​ခြင်းကို ယမန်နေ့ နံနက်(၁ဝ)နာရီအချိန်က ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးမှုရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တောင်ငူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးမှုရှင်းလင်းခြင်း အခမ်းအနားကို မြို့နယ်သီရိမင်္ဂလာခန်းမ၌ ယမန်နေ့ နံနက် (၉:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကလေးဝမြို့တွင် ရာသီဥတုဒဏ်ခံနိုင်မည့် စိုက်ပျိုးနည်းဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် အယ်နီညိုရာသီဥတုဒဏ်ကြောင့် သီးနှံများအထွက်နှုန်းထိခိုက်မှုမရှိစေရန် တောင်သူပညာပေးဆွေးနွေးပွဲကို သြဂုတ်လ၁၀ရက်နေ့တွင် တုန်နန်းကျေးရွာ၊ ရွှေတောင်ကျေးရွာနှင့်မန်လုံကျေးရွာတို့တွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

ရခိုင်ပြည်နယ်မောင်တောမြို့တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများနှင့် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၀ ရက်နေ့နံနက်ပိုင်းက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်ကာ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများနှင့် မိုးစပါး ပျိုးခင်းအား ဓာတ်မြေဩဇာ ကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပေါက်တောမြို့၌ ကျင်းပ

ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ပေါက်တောမြို့ရှိ မြို့နယ် ခန်းမခြံဝန်းအတွင်း ကွင်းပြင်၌ ကျင်းပသည်။
Subscribe to