လောင်းလုံး ဩဂုတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီခန့်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမမထွန်းနှင့် ဆရာ၊ ဆရာမများက ကျောင်းနေအရွယ်ကလေးများ၏ ကျန်းမာရေးနှင့် အာဟာရပြည့်ဝမှု တိုးတက်စေရန်ရည်ရွယ်၍ ကျောင်းအခြေပြု အစီအစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ပညာသင်ယူချိန်တွင် ကျန်းမာရွှင်လန်းပြီး စိတ်ရောကိုယ်ပါတက်ကြွစွာဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်ရေး၊ ကျောင်းတက်မှန်ရေး၊ ကျောင်းနေမြဲစေရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းရန်နှင့် အာဟာရပြည့်ဝရန်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ရမည့် ကဏ္ဍဖြစ်သည်။
ထို့နောက် ကျန်းမာရေးဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များကို တစ်ဦးခြင်းစီ အရပ်တိုင်းပေးခြင်း၊ ခန္ဓာကိုယ်အလေးအချိန် ပေါင်ချိန်ပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် စနစ်မှန်သွားတိုက်နည်းကို သရုပ်ပြလက်တွေ့ပြုလုပ်ပေးခြင်း၊ ဗီတာမင် (A) နှင့် သံချဆေးများ တိုက်ကျွေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း( လောင်းလုံး)