မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာတွင် တောင်ပြိုယာကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မီးတိုက်ကျေးရွာအတွင်းရှိ ကလေးသူငယ်များအား ရောဂါကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မောင်တောမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တောင်ပြိုလက်ဝဲမြို့၊ တောင်ပြိုယာကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ဒေါ်စမ်းစမ်းမြင့်အောင် ဦးဆောင်၍ ဝန်ထမ်းများက မီးတိုက်ကျေးရွာတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

သတင်းဆောင်းပါးရေးသားနည်း၊ သတင်းမှတ်တမ်းဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူး နည်းသင်တန်း (၁/၂၀၂၃)ဆင်းပွဲ အခမ်းအနား မုံရွာမြို့တွင် ကျင်းပ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှကြီးမှူးပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများ သွက်လက်မှန်ကန်မြန်ဆန်စွာဖြင့် ပြည်သူသို့ ဝန်ဆောင်မှုများဆောင်ရွက်ပေးနေမှုအခြေအနေများ အားမိဒီယာနည်းဖြင့် ပြည်သူများ ပိုမိုသိရှိစေရန်ရည်ရွယ်ပြီး (၂)ရက်ကြာဖွင့်လှစ်ခဲ့သော သတင်းဆောင်းပါးရေးသားနည်းနှင့် သတင်းမှတ်တမ်းဓာတ်ပုံများ၊ ဗီဒီယိုများ စနစ်တကျ ရိုက်ကူးမှတ်တမ်းတင် ထိန်းသိမ်းနည်းသင်တန်း(၁/၂၀၂၃) ဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၉ ရက်နေ့၊ ညနေပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်တွင် မိုးစပါးစိုက်ဧက အပြည့်အဝစိုက်ပျိုးနိုင်ရေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် မိုးစပါးစိုက်ဧကများအပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခြင်းကို ဩဂုတ်လ (၁၀)ရက် နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းသရုပ်ပြပွဲ အခမ်းအနားနှင့် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် သြဂုတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ ကုန်းကျေးရွာရှိ စနစ်ကျလယ်ယာမြေဧက ၁၀၀ တွင် ကျင်းပပြုလုပ်သော မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

မူဆယ်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ် ရေကြီးမြေပြိုမှုများဖြစ်ပွား

မိုးရာသီမိုးများကာလ၌ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ် မြို့တွင် ဩဂုတ်လ (၉) ရက်၊ ည (၇း၀၀) အချိန်ခန့်က နမ့်ပေါ်ချောင်းရေများ လျှံတက်၍ စွမ်စော်ရပ်ကွက်၊ လမ်းသွယ် (၇) အထိ ချောင်းရေများ လူနေအိမ်များအတွင်း ဝင်ရောက်ခဲ့ကာ နေအိမ်များအတွင်း၌ လူများပိတ်မိခဲ့ကြကြောင်းနှင့် ပန်ခမ်းချောင်းရေများလည်း ပန်းခမ်းကျေးရွာနှင့်တိန်းလုံကျေးရွာတို့တွင် လူနေအိမ်များအထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ ဝန်ထမ်းမိသားစုများမှ (၁၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ ဝန်ထမ်းမိသားစုများမှ (၁၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့သာသနာ့လင်းရောင်ကြည်ကျောင်းတိုက်၊ စိတ္တသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာမူလတန်း (ဗိုလ်တဲ) စာသင်ကျောင်း၌ ကျင်းပသည်။

တာမွေမြို့နယ်တွင် " စွန့်စားမှုဆီသို့ ခြေတစ်လှမ်း " ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများစာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်ရည်ရွယ်ပြီး တာမွေမြို့နယ် စာပေဝါသနာရှင်များမှ စီစဉ်ကျင်းပသော " စွန့်စားမှုဆီသို့ ခြေတစ်လှမ်း " ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ရန်ကုန်မြို့ပုဇွန်တောင်မြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း “ တေဇ ” ခန်းမဆောင်၌ စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to