ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ခရိုင်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့်အတူ ယမန်နေ့က ဘူးသီးတောင်မြို့ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ထပ်ဆင့်ရှင်းလင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား ထပ်ဆင့်ရှင်းလင်းခြင်းကို သြဂုတ်(၁၁) နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တိုင်းအဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ် အခမ်းအနားတက်ရောက်ပြီး ဇေယျာသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းအဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မုံရွာမြို့နယ်ရှိ ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင် (၂၉)ဦးအား ချေးငွေကျပ်(၂၇၆၀)သိန်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ မုံရွာခရိုင်နှင့်မုံရွာမြို့နယ် စီမံကိန်းကြီးကြပ်မှုကော်မတီတို့၏ ဦးဆောင်မှုဖြင့် မုံရွာမြို့နယ်အတွင်းရှိ ဥစားကြက် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေပြီး မြို့နေပြည်သူများဥစားသုံးမှု ဖူလုံရရှိအောင်ရည်ရွယ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မုံရွာမြို့အတွင်းရှိ ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင် (၂၉)ဦးအား ချေးငွေကျပ်(၂၇၆၀)သိန်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လယ်ဝေးမြို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲနှင့် ပြပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများ ကျင်းပခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စု‌ပေါင်းတံခွန်စိုက် ဖလားဆွတ်ခူး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးလှေလှော် ဗိုလ်လုပွဲပြိုင်ပွဲများကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့၊ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအသင်း စု‌ပေါင်းတံခွန်စိုက်ဖလားဆွတ်ခူး ရသွားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားများ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး မိသားစုစည်းကမ်း ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၃) ကျင်းပ

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၇/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ညောင်လေးပင်မြို့နယ်တွင် ရေကြီးမှုကြောင့် အခြေခံပညာကျောင်း (၁၂) ကျောင်း ယာယီပိတ်ထားရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း(၁၂) ကျောင်း ယာယီပိတ်ထားရကြောင်းသိရသည်။

ထန်းတပင်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းနားမြေပြိုကျမှုများဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းနားမြေများ ပြိုကျလျက်ရှိကြောင်း သိရသည်။
Subscribe to