စစ်ကိုင်းမြို့၊ အောင်မြေဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်း ဩဂုတ် ၁၂

စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဩဂုတ်(၁၀)ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အောင်မြေဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်    ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အောင်မြေဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော်မှဩဝါဒ စကားမိန့်ကြားခဲ့ပြီး၊ စစ်ကိုင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကေသီအောင်မှ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးအကြောင်းအရာများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများ၊  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး  ဒေါ်စပယ်ဦးမှ အား/ကာသိပ္ပံဆိုင်ရာအကြောင်းအရာများ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊   လက်ထောက်ညွှန်ကြားရေးမှူး   ဦးအေးကိုကိုကအားကစားနှင့်ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အသီးသီး ဟောပြောပေးခဲ့ကြသည်။

ဆက်လက်ပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကိုကိုက  အောင်မြေဦးဘုန်းတော်ကြီးသင် ဩဩပညာရေးကျောင်းအတွက် အလှူငွေနှင့် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ကျောင်းသား၊ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မြင့်နိုင်