ထန်းတပင်မြို့နယ်၌ တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးမှုရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ထန်းတပင်(ပဲခူးသြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တောင်ငူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးမှုရှင်းလင်းခြင်း အခမ်းအနားကို မြို့နယ်သီရိမင်္ဂလာခန်းမ၌ ယမန်နေ့ နံနက် (:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးလှမြင့်က အဖွင့်အမှာစကားပြောကြားပြီးတောင်ငူမြို့နယ်  စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထက်ထက်မင်းက ဒေသခံတောင်သူ လယ်သမားများအား တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်အသုံးပြုပုံ၊ ပျိုးထောင်နည်းနှင့် စိုက်ပျိုးနည်းအချက်အလက်များကို မှတ်တမ်းဗီဒီယိုဖြင့် အသေးစိတ်ရှင်းလင်းပြောကြားသည်။ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးကိုကိုစိုးက ဗီယက်နမ်နိုင်ငံထုတ် လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးရာတွင် ပျိုးပင်များစိုက်နည်း စနစ်တကျစိုက်ပျိုး‌‌ရေးနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် ကောက်စိုက်လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်ပြီး လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ် သာလိုအပ်ခြင်း၊ လုပ်သားအင်အားနည်းပါးခြင်းနှင့် သက်သောင့်သက်သာ စိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပိုမိုတိုးတက်ပြီးစီးခြင်း၊ ပင်ပွားနှုန်းကောင်းမွန်ပြီး စပါးအထွက်နှုန်းကောင်း မွန်စေခြင်းစသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ဆွေးနွေးပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးဦး၀ဏ္ဏနိုင်က မြေယာအကြောင်းအရာနှင့် ပတ်သက်၍ တောင်သူလယ်သမားများအား အသိပညာပေးဆွေးနွေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များ၊ တောင်ငူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးမှူး ဦးထက်ထက်မင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)