ဟုမ္မလင်း၌ ဓာတ်မြေဩဇာပေးအပ်ပွဲနှင့် စပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းနည်းပညာပို့ချပေး

ဟုမ္မလင်း ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးမျိုးစေ့ ထုတ်တောင်သူများနှင့် မိုးစပါးတင်း (၁၀၀) အထက် ထွက်ရှိရေးဆောင်ရွက်ရမည့် တောင်သူများအား ဓာတ်မြေဩဇာပေးအပ်ပွဲနှင့် စပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းနည်းပညာပို့ချ​ခြင်းကို ယမန်နေ့ နံနက်(၁ဝ)နာရီအချိန်က ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးက ဓာတ်မြေသြဇာပေးအပ်ပွဲနှင့် စပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ နည်းပညာပေးသင်တန်း ဆောင်ရွက်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တာဝန်ရှိသူများက ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာအုပ်စု၊ ခေါင်ခမ်းကျေးရွာအုပ်စုရှိ တောင်သူများအတွက် မိုးစပါးမျိုးစေ့ထုတ် တောင်သူ များနှင့် မိုးစပါးတင်း(၁၀၀) အထက်ထွက်ရေး ဆောင်ရွက်ရမည့် တောင်သူများအားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စပါးအထွက်နှုန်းတိုးတက်ရေးအတွက် နည်းပညာပေးသင်တန်းပို့ချခဲ့ရာ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လ/ထ ဦးစီးမှူး ဦးအွေလီယို ကစပါးသက်တမ်းတစ်လျှောက် သတိပြုရမည့် အချက်အလက်များ၊ ဒု-လ/ထ ဦးစီးမှူး ဒေါ်ဇာဇာလှိုင်က စပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး၊ တက်ရောက်လာသော တောင်သူ (၂၇) ဦးက သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ၊ တာဝန်ရှိသူများက  ပြန်လည်ရှင်းလင်း ဖြေကြားခဲကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)