မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအကြောင်း သိကောင်းစရာအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။