ပေါက်တော ဩဂုတ် ၁၂
ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ပေါက်တောမြို့ရှိ မြို့နယ် ခန်းမခြံဝန်းအတွင်း ကွင်းပြင်၌ ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်ကလေးအဖွဲ့ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ ၂၀၂၃ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာများ၌ ပျိုးပင်များကို ဦးဆောင်စိုက်ပျိုးပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်တို့က ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်ကလေးအဖွဲ့က သတ်မှတ်နေရာများတွင် ပျိုးပင်များကို တစ်ပျော်တစ်ပါး စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။
ယနေ့ အခမ်းအနားတွင် အုန်းပင် ၄၀ ပင်၊ ဗာဒံပင် ၈၂ ပင်၊ မန်ဂျန်ရှား ၁၇၀ ပင်၊ စုစုပေါင်း ပျိုးပင် ၂၉၂ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သစ်တောဦးစီးဌာနမှအရာရှိ ဦးကျော်ဝင်းမြင့် ထံမှသိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)