ကလေးဝ သြဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် အယ်နီညိုရာသီဥတုဒဏ်ကြောင့် သီးနှံများအထွက်နှုန်းထိခိုက်မှုမရှိစေရန် တောင်သူပညာပေးဆွေးနွေးပွဲကို သြဂုတ်လ၁၀ရက်နေ့တွင် တုန်နန်းကျေးရွာ၊ ရွှေတောင်ကျေးရွာနှင့်မန်လုံကျေးရွာတို့တွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲများတွင်တက်ရောက်လာသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးမျိုးနိုင်က ရာသီဥတုဒဏ်ခံနိုင်မည့် စိုက်ပျိုးနည်းစနစ်များ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းပညာများ၊ ဓာတ်မြေသြဇာကိုအကျိုးရှိစွာသုံးစွဲနိုင်ရေးနည်းပညာများနှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမြင့်ငြိမ်းကလယ်ယာမြေဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့်တောင်သူများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဆွေးနွေးပွဲများတွင် ကျေးရွာများမှ စိတ်ပါဝင်စားသူဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာမှဝန်ထမ်းများ ၅၅ ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)