စစ်ကိုင်းတိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုးရုံးတွင်ဘက်စုံသီးနှံ ပိုးမွှား/ရောဂါ ကာကွယ်နှိမ်နင်းရေးနည်းပညာပေး TOT သင်တန်းဖွင့်လှစ်
စိုက်ပျိုးရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးသီးနှံကာကွယ်ရေးဌာနခွဲမှ ကြီးမှူး၍ တောင်သူများအတွက် ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲရာတွင် စနစ်တကျ အန္တရာယ်ကင်းရှင်းစွာ သုံးစွဲတတ်စေရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ပြီး ဘက်စုံသီးနှံ ပိုးမွှား/ရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာပေး TOT သင်တန်းကို ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး ရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။