မိုင်းယောင်း ဩဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ဟိုခုံပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့က ဝါဆိုသံဃာများအား ဆွမ်းတော်များ လောင်းလှူကြောင်း သိရသည်။
မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောနှင့် မြို့နယ်အတွင်းရှိ ဝါဆိုသံဃာများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၏ စီမံလမ်းညွှန်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်ဇနီး ဒေါ်မျိုးအေးချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာရှင်၊ အလှူရှင်များက အာရုံဆွမ်းနှင့် နေ့ဆွမ်း/ ဟင်းများကို လောင်းလှူကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း