လားရှိုး ဩဂုတ် ၁၃
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ လားရှိုးတက္ကသိုလ် လှယဉ်ကျေးမယ်ပြိုင်ပွဲ၊အဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က လားရှိုးတက္ကသိုလ် ကမ္ဘောဇခန်းမတွင် ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ လားရှိုးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဌေးအောင် ကအဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား၊ကျောင်းသူလေးများက “ မြကျွန်းညိုညို” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် တေးသီချင်းသီဆိုမှုပြိုင်ပွဲများကိုစတင်ရာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဖိုင်နယ်အဆင့် ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသူများက ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ ကျောင်သား၊ကျောင်းသူများကို လားရှိုးတက္ကသိုလ်ပါမောက္ခချုပ် နှင့်တာဝန်ရှိသူအသီးသီးက ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
သီချင်းသီဆိုပြိုင်ပွဲနှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲများသို့ လားရှိုးတက္ကသိုလ်တွင် တက်ရောက်ပညာ သင်ကြားနေကြသော ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူ (၂၈) ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)