ယင်းမာပင် ဩဂုတ် ၁၃
ပြည်သူများ၏ နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ များ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များကို ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး တို့အတွက် ယင်းမာပင်မြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နံနက် ၇ နာရီအချိန်က တန်ဖိုး သင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆန် ၄ ဘူး၊ ကြက်ဥ (၅) လုံး၊ ကုလားပဲ (၁) ဘူး စသည့် ပစ္စည်း (၃)မျိုး တို့အား ကျပ် ၃၀၀၀ နှုန်းဖြင့် ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)