မောက်မယ်မြို့နယ် အ.ထ.က၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မောက်မယ် သြဂုတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်၉နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်)၏ အရည်အချင်း သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ ၃၀ ဦး ဝင်ရောက် ဖြေဆိုနိုင်ရေး ကျောင်းအုပ်ဆရာကြီး ဦးကြည်လင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းနေအောင်တို့က စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)