ဇေယျာသီရိမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် (၄၃၁) ဒသမ (၅) သန်း ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် (၄၃၁) ဒသမ (၅) သန်း ပြန်လည်ထုတ်ချေးခြင်းအခမ်းအနားကို စက်တင်ဘာလ (၁၅) ရက်နေ့ နေ့မွန်းလွဲပိုင်းက ခေတ်အေးကျေးရွာအုပ်စု၊ အင်ပင်ခုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။