ငဖဲမြို့နယ် ပဒါန်း(အ.ထ.က)၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ငဖဲ စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၅)ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲ အချိန်က ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပဒါန်းအခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မိုင်မျိုးမျိုးဆန်းက ဆရာများ၏ ဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့စေရန် ရည်ရွယ်၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မွန်မြတ်လှပဆရာ့ဘဝ ခေါင်းစဉ်ဖြင့် အထက်တန်းဆင့်စာစီစာကုံးဖြေဆိုသူ (၆)ဦးနှင့် အလယ်တန်းဆင့်ဖြေဆိုသူ (၂၈)ဦး၊ လမ်းပြကြယ်ပမာ မြတ်ဆရာ ခေါင်းစဉ်ဖြင့် အထက်တန်း ဆင့် ကဗျာဖြေဆိုသူ(၈)ဦး၊ အလယ်တန်းဆင့် ကဗျာဖြေ ဆိုသူ (၂၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြ ကြောင်း သိရသည်။

မယု(ငဖဲ)