တာချီလိတ် စက်တင်ဘာ ၁၇
တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူလေးများ ကာယ၊ ဉာဏ စွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ အခြေခံ ပညာ မူလတန်းကျောင်းသား/ ကျောင်းသူလေးများ၏ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယဥာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီ က ပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးတို့မှ ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲ စည်းကမ်းချက်များ ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲများ ဆက်လက်ကျင်းပရာ စိတ်ကြိုက်ဆေးရောင်ခြယ်ပြိုင်ခြင်း၊ အရုပ်ဆက်ဂိမ်းကစား ခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ခြင်းများကို ကလေးငယ် ၄၀ ဦး ပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြသည်။ ယင်းနောက် ဆုရရှိသည့် ကလေးငယ်များအား ဆုချီးမြှင့်ခြင်းနှင့် ပါဝင်ယှဥ်ပြိုင်ခဲ့သူများအား အာဟာရပဲနို့နှင့် မုန့်များ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
အေးအေးလတ်