ရခိုင်ပြည်နယ် မောင်တောမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

မောင်တော စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယ‌မန်နေ့နံနက် ၉ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးဇော်လင်းဦးနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်းများဖြစ်သော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လေးမိုင်အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)မူလတန်းလွန်ကျောင်း၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များမှ အထက်တန်းအဆင့် ကျောင်းသား/သူ ၁၅ ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး စုစုပေါင်း ၃၃ ဦးက “မွန်မြတ်လှပဆရာဘဝ” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)