နေပြည်​တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ် ခုတင်-၁၀၀ဆေးရုံ သန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အတွင်း ဆန်နှင့် ဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ယနေနံနက်ပိုင်းက လယ်ဝေးမြို့ ခုတင်-၁၀၀ ပြည်သူ့ဆေးရုံဝန်းအတွင်း သန့်ရှင်းသပ်ရပ်ပြီး လာရောက်ဆေးကုသမှုခံယူသည့် ပြည်သူများ စိတ်အေးချမ်းစွာ ဆေးကုသမှုခံယူစေနိုင်ရန် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှုစစ်ဆေးသည်။

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။       

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း

ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပသည့် ၂၀၂၃ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်းပြောကြားသည်။
Subscribe to