မောက်မယ်မြို့နယ် အ.ထ.က ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မောက်မယ် စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း(မောက်မယ်)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်)၏ အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အထက်တန်းအဆင့်/အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ၉ ဦးဝင်ရောက် ဖြေဆိုနိုင်ရေး အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးကြည်လင်နှင့် ဆရာမများတို့က ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ဆုရရှိသူများအား ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် ဆုများချီးမြှင့် ပေးအပ် သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)