မချမ်းဘော စက်တင်ဘာ ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ၊ နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီက အင်ဝိုင်းဘော့အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီလွင်က ကျောင်းသားလူငယ်များ ငယ်စဥ်ကစ၍ လေ့ကျင့်ပျိုးထောင်ကြရမည့် စာရိတ္တကောင်းမွန်ရေး အကြောင်းအရာများကို ဟောပြောပြီးနောက် နယ်လှည့်စာကြည့်တိုက်အဖြစ်ယူဆောင်လာသော ကလေးစာပေစာအုပ်များအားဖတ်ပြခြင်း ကလေးစာပေရုပ်ပြပုံပြင်စာအုပ်ပါ ကျောင်းသားလူငယ်များ အတုယူကြရမည့် စာစုများကို ဖတ်ပြခြင်းအစီအစဥ်များဆောင်ရွက်ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသားကျောင်းသူ ၆၅ ဦးတို့က ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်များကို စိတ်ဂင်တစားကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ယောရွှေနီ (မချမ်းဘော)