ချောက်ခရိုင်အဆင့် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ချောက် စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် (၂၄)ကြိမ်မြောက်  မြန်မာ့ရိုးရာ ယဉ်ကျေးမှု ချောက်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယမန်နေ့ နံနက်(၉)နာရီအချိန်က ချောက်မြို့အ.ထ.က(၁)ကျောင်း၊ မြရိပ်ညိုခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို ချောက်ခရိုင်   စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝေဖြိုးဇော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃) ဦးစန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုရဲမှူးကြီး ချမ်းမြေ့ဝင်း၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်က အဖွင့်အမှာစကား ပြောကြားပြီး ဧည့်ခံဖျော်ဖြေရေးအဖွဲ့များက အကအလှ သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။ ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ချောက်၊ ရေနံချောင်းမြို့နယ်များမှ ပြိုင်ပွဲဝင်(၄၂) ဦးက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

ခရိုင်အဆင့် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ ခရိုင်ပညာ ရေးမှူး  ဦးမန်းအောင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များမှ ဂုဏ်ပြုကတ်နှင့် ဆုငွေများပေးအပ်ချီး မြှင့်ခဲ့ကြောင်း သိရသည်။

သိမ့်ဝါ(မြို့နယ်ပြန်/ဆက်)