ပဲခူးမြို့၌ ကျောင်းသားလူငယ်များ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာပေး သင်တန်းဖွင့်လှစ်

ပဲခူး စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပဲခူးမြို့၊ အမှတ်() အခြေခံပညာ အထက်တန်း ကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ သီရိပညာခန်းမ၌ ဖွင့်လှစ်ခဲ့သည်။       

ရှေးဦးစွာ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက အမှာစကားပြောကြားပြီး ပဲခူးတိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ရည်ရွယ်ချက်နှင့် ကလေးသူငယ်အခွင့်အရေးများအား လည်းကောင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ပဲခူးမြို့၊ အမှတ်() မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးက ကလေးသူငယ် ရရှိနိုင်သည့် အခွင့်အရေးများ၊ မသန်စွမ်းကလေးများ ရရှိနိုင်သည့် အခွင့်အရေးများ၊ ပြစ်မှု ပြစ်ဒဏ်များ၊ လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းများနှင့် ပတ်သက်၍ လည်းကောင်း၊ အသိပညာ ပေး ဟောပြောခဲ့ကြသည်။        

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ သိလိုသည်များ၊ မရှင်းလင်းသည်များကို မေးမြန်းရာ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် မူလတန်း ကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီးတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)