ကြံခင်းမြို့နယ် အခြေခံပညာ (မူလွန်) မြို့မတောင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ကျောင်းသား/သူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေဗဟုသုတများ တိုးပွားပြီး ပြင်ပဗဟုသုတများ စုံလင်စွာရရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မရပ်ကွက်၊ အခြေခံပညာ(မူလွန်) မြို့မတောင် ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။