ကျိုင်းတုံမြို့နယ် ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အသက် (၁၅) နှစ်အောက်နှင့် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ (၁၅)  ရက် ညနေ (၃) နာရီက မြို့မအားကစားကွင်း၌ ကျင်းပသည်။

အသက်(၁၅)နှစ်အောက် ဗိုလ်လုပွဲတွင် အထက-၃ အသင်းနှင့် အထက(ခွဲ) ပန်လီ(အောက်)  အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အထက-၃ အသင်းက (၄) ဂိုး ဂိုး မရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး အသက် (၁၈) နှစ်အောက် ဗိုလ်လုပွဲတွင် အထက-၄ အသင်းနှင့် အထက-၂ အသင်းတို့ယှဥ်ပြိုင်ကစားကြရာ အထက-၄ အသင်းက (၁) ဂိုး ဂိုးမရှိဖြင့် အနိုင်ဗိုလ်စွဲခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် တာဝန်ရှိသူများက မြို့နယ်ပညာရေးမှူးဖလား အသက် (၁၅) နှစ်အောက်နှင့် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများတွင် ပွဲစဉ်အလိုက် အကောင်းဆုံကစားသမားဆု၊ နေရာအလိုက်အကောင်းဆုံကစားသမားဆု၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများအား  ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများ အသီးသီး ပေးအပ် ချီးမြှင်းခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်များ၊ အခြေခံပညာကိုယ်ပိုင်ကျောင်းများမှ အသက် (၁၅) နှစ်အောက်အသင်း (၁၈) သင်းနှင့် အသက် (၁၈) နှစ်အောက်အသင်း (၁၄) သင်း ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများကို ဩဂုတ် (၂၁) ရက်မှ စက်တင်ဘာ (၁၅) ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)