ဓနုဖြူမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ဓနုဖြူ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် မြို့နယ်အတွင်း အခြေခံပညာ ကျောင်းများမှ ကဗျာပြိုင်ပွဲတွင် “လမ်းပြကြယ်ပမာ မြတ်ဆရာ” ခေါင်းစဉ်ဖြင့် အထက်တန်းဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် “မွန်မြတ်လှပ ဆရာ့ဘဝ” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၉)ဦး၊ စုစုပေါင်း (၄၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)