မိုင်းယောင်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ စက်တင်ဘာလ ၁၅ ရက်နေ့က သားအိမ်ခေါင်းကင်ဆာအကြောင်း၊ GENDER၊ CEDAW၊ NSPAW အမျိုးသမီးများ အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်း၊ အကြမ်း ဖက်ခံရမှုမှ ကာကွယ်ရေးတို့နှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မင်းသိန်းက သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာများ၊ မြို့နယ်ကျန်းမာရေးမှူး ဦးမြတ်စိုးအောင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအကြောင်းနှင့် မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစောတင်ထွန်းဦးက GENDER၊ CEDAW၊ NSPAW အမျိုးသမီးများအခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း၊ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေး အကြောင်းတို့ကို ဟောပြောခဲ့ ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း