ကျိုင်းတုံမြို့နယ် ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အသက် (၁၅) နှစ်အောက်နှင့် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ (၁၅) ရက် ညနေ (၃) နာရီက မြို့မအားကစားကွင်း၌ ကျင်းပသည်။

မိုင်းယောင်းမြို့နယ်၌ အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ စက်တင်ဘာလ ၁၅ ရက်နေ့က သားအိမ်ခေါင်းကင်ဆာအကြောင်း၊ GENDER၊ CEDAW၊ NSPAW အမျိုးသမီးများ အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်း၊ အကြမ်း ဖက်ခံရမှုမှ ကာကွယ်ရေးတို့နှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ဇေယျာသီရိမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် (၄၃၁) ဒသမ (၅) သန်း ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် (၄၃၁) ဒသမ (၅) သန်း ပြန်လည်ထုတ်ချေးခြင်းအခမ်းအနားကို စက်တင်ဘာလ (၁၅) ရက်နေ့ နေ့မွန်းလွဲပိုင်းက ခေတ်အေးကျေးရွာအုပ်စု၊ အင်ပင်ခုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

တာချီလိတ်မြို့၌ မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်

တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူလေးများ ကာယ၊ ဉာဏ စွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ အခြေခံ ပညာ မူလတန်းကျောင်းသား/ ကျောင်းသူလေးများ၏ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယဥာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီ က ပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ် အ.ထ.က ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန် က အခြေခံပညာ အထက်တန်းကျောင်း(မောက်မယ်)၌ ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး အသိပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် မိန်းကလေးများအား သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) စနစ်တကျ ထိုးနှံနိုင်ရေး အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ငဖဲမြို့နယ် ပဒါန်း(အ.ထ.က)၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၅)ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲ အချိန်က ကျင်းပပြုလုပ် သည်။

မချမ်းဘောမြို့နယ်၌ လူငယ်ရေးရာဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ၊ နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီက အင်ဝိုင်းဘော့အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယ‌မန်နေ့နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးဇော်လင်းဦးနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
Subscribe to