ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ် (၁)ရပ်ကွက် လွန်ဆေးမြိုင် ပန်းခြံအနီး ဆည်မြောင်းစွန့်ပစ်ရေကာတာဘေးတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှု ဖြစ်ပွားခဲ့ပြီး ရေပေါ်ရေလွှဲတန်းများနှင့် Floating Unit များပြုလုပ်၍ ကမ်းပြိုကမ်းစားမှု လျော့နည်းအောင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများ၏ လုပ်အားဖြင့် ဆောင်ရွက်ထားရှိခဲ့သည်။ အဆိုပါနေရာတွင် ဧရာဝတီမြစ်ရေ ကျဆင်းလာသည်အတွက် ယနေ့နံနက်က အလျားပေ(၅၀)၊ အကျယ် (၅)ပေခန့် ကမ်းပြိုမှုဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။