စလင်းမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)စတင်ထိုးနှံခြင်းဖွင့်ပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ မြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ခန်းမဆောင်တွင် ယနေ့နံနက်(၈)နာရီအချိန်က စတင်ဖွင့်လှစ်ထိုးနှံခဲ့ကြောင်း သိရသည်။