မိုင်းစံ ဇွန် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်နေမှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်(၈)နာရီက လိုက်လံကြည့်ရှုခဲ့ကြသည်။
ယင်းသို့ လိုက်လံကြည့်ရှုရာတွင် မိုင်းစံမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်နေမှုအခြေအနေ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရောက်မှုအခြေအနေနှင့် ကျောင်းဆောင်များ ကောင်းမွန်မှု ရှိ/မရှိ၊ ကျောင်းမုန့်စားတန်းများ သန့်ရှင်းမှု ရှိ/မရှိ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)