ဗိုလ်တထောင်မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ဗိုလ်တထောင် ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းအသီးသီး၌ ဖွင့်လှစ်ကြောင်းသိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အထက်တန်း(၆)ကျောင်း၊ အလယ်တန်း(၂)ကျောင်း ၊ မူလတန်း(၅)ကျောင်း၊ ဘုန်းတော်ကြီးသင်စာသင်​ကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၁)ကျောင်း စုစုပေါင်း(၁၅)ကျောင်းရှိပြီး ယမန်နေ့အထိ ကျောင်းအပ်နှံပြီးသူ ကျောင်းသား/သူ (၈၇၅၃)ဦးရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင်လည်း ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းပျော်ရွှင်စွာ ကျောင်းများတက်ရောက်နေကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းများပိတ်ထားပြီးခွဲခွာနေကြသော သူငယ်ချင်းများနှင့်ပြန်လည်ဆုံတွေ့ကြသဖြင့် ပျော်ရွှင်နေကြကြောင်း၊ ရည်မှန်းချက်ကိုယ်စီဖြင့် ကျောင်းတက်နေကြကြောင်း ကျောင်းသားများရင်တွင်းစကားသံများကိုလည်း ကြားသိခဲ့ရပါသည်။

မြို့နယ်(ပြန်/ဆက်)