ရပ်စောက် ဇွန် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်း၌ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၉ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၈ ကျောင်း၊ အလယ်တန်းကျောင်း ၁၀ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၃ ကျောင်း၊ မူလတန်းကျောင်း ၁၃၁ ကျောင်းနှင့် မူလွန်ကျောင်း ၅၁ ကျောင်းစုစုပေါင်း အခြေခံပညာကျောင်း ပေါင်း ၂၃၂ ကျောင်းရှိပြီး ၂၃-၅-၂၀၂၄ ရက်နေ့မှ ၃-၆-၂၀၂ ရက်နေ့အထိ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၄၂၅၅၃ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၈၇၄၂ ဦး၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၃၀၃၈၈ ဦး စုစုပေါင်း ၈၁၆၈၃ ဦး လာရောက်အပ်နှံထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)