ဆီဆိုင်မြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၁၁၅ ဦး ပညာသင်ကြား

ဆီဆိုင် ဇွန် ၃

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် နိုင်ငံတစ်ဝန်း အခြေခံပညာစာသင်ကျောင်းများအား ဇွန်လ (၃) ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်မှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၉) ကျောင်း၊ အလယ်တန်းကျောင်း (၁၆)ကျောင်း၊ မူလတန်းကျောင်း (၁၂၀)ကျောင်း စုစုပေါင်း အခြေခံပညာ စာသင်ကျောင်း (၁၄၅) ကျောင်းဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁၃၁၁၈ ဦးရှိပြီး  ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁၃၁၁၅ ဦး စိတ်အေးချမ်းမြေ့စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။

နေမင်း(ဆီဆိုင်)