စဉ့်ကိုင်မြို့နယ်၌ အများပြည်သူများ အသွားအလာများသည့် လူစည်ကားရာနေရာများတွင် မြေစိုက်ပိုစတာ ဆိုင်းဘုတ်များစိုက်ထူ

စဉ့်ကိုင် ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် မြို့နယ်လဝကဦးစီးရုံးမှ ဦးဆောင်၍ အများပြည်သူများ အသွားအလာများရာ လူစည်ကားရာ နေရာများဖြစ်သည့် ရန်အောင်မြင်ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမထောင့်ရှိ မြို့အဝင်မီးပွိုင့်အနီး၌ ယနေ့နံနက် ၀၉း၀၀ နာရီအချိန်မှ စတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်ကာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက်“ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ယူစို့" ဆောင်ပုဒ်ပါ မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကျင်းပခဲ့‌ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ်လဝကဦးစီးမှူး ဦးဉာဏ်စိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ကြကြောင်းသိရသည်။

အဆိုပါမြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင်()ဗိုလ်မှူးပြည့်ဖြိုးအောင်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မြို့နယ်လဝကဦးစီးမှူး ဦးဉာဏ်စိုးနှင့်တာဝန်ရှိသူများက ဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖျန်းဖွင့်လှစ်၍ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ထို့နောက်မြို့နယ်လဝကဦးစီးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက် ထရောနစ်မှတ်ပုံတင်ဦးစီးဌာနမှထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာ‌စောင်များကို လမ်းသွား လမ်းလာပြည်သူများအား (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အလားတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အတွက် " ပြည်သူအားလုံး ပါဝင်လို့ သန်းခေါင်စာရင်း ကောက်ယူစို့" ဆောင်ပုဒ်ပါ မြေစိုက်ပိုစတာ ဆိုင်းဘုတ်အား မြို့မရပ်ကွက်၊ မြို့မ‌ဈေးအ‌ရှေ့နှင့် မြို့သစ်ရပ်ကွက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဆေးရုံအနီး လမ်းဆုံ‌နေရာတို့တွင်လည်း စိုက်ထူခဲ့‌ကြောင်းနှင့် မြို့နယ်လဝကဦးစီးမှူးရုံးအနေဖြင့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကိုလည်း ဆက်လက်‌‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)