တောင်တွင်းကြီး ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက်(၉)အချိန်တွင် အခြေခံပညာကျောင်းများ စတင်သင်ကြားပေးလျက်ရှိရာ တောင်တွင်းကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း (၂၅၉)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအားလုံး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း၊ ကျောင်းပေါင်း (၂၅၉)ကျောင်းတွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အခြေခံပညာကျောင်း (၂၅၃)ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃) ကျောင်းတို့တွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၉၀၈) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁၈၈၂) ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၉၀၃၃) ဦး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅၈၂၃)ဦး လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိပြီ ကျောင်းပြောင်း ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းပြင်ပတွင် ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအားလုံး အချိန်မှီကျောင်းအပ်နှံရေးလုပ်ငန်းကိုလည်း ကျောင်းသား/သူ မိဘများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီး၊ အတန်းပိုင်ဆရာ/ ဆရာမများ ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားခွင့်ရရှိစေရေးအတွက် ကျောင်းအပ်လက်ခံခြင်းများလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ရန်နောင်စိုး (ပြန်/ဆက်)