ရွာငံ ဇွန် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်း ပုံမှန်ကျောင်းဖွင့်ချိန်မှစ၍ ဖွင့်လှစ်ပညာသင်ကြားလျက်ရှိသည်။
ကျောင်းနေအရွယ်ကလေးများ အခက်အခဲမရှိ ကျောင်းတက်ရောက်ပညာသင်ကြားနိုင်စေရန် နိုင်ငံတော်မှ ပံ့ပိုးသော ပုံနှိပ်၊ ဗလာ၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကို အထက်တန်း၊ အလယ်တန်း၊ မူလတန်း အတန်းလိုက်ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ပေးအပ်နိုင်ခဲ့သောကြောင့် အခြေခံပညာကျောင်းများ အသီးသီးအေးချမ်းစွာ ဖွင့်လှစ်ပညာသင်ကြားနိုင်ခဲ့သည်။ ရွာငံမြို့နယ်တွင် ထက် ၊ လယ် ၊ မူ အခြေခံပညာကျောင်းပေါင်း ၁၁၈ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း (၁)ကျောင်းရှိရာ ဇွန်လ(၃)ရက်နေ့အထိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ၁၄၃၆ ဦး၊ အလယ်တန်းအဆင့် ၃၁၆၆ ဦး၊ မူလတန်းအဆင့် ၉၉၃၃ ဦး၊ စုစုပေါင်း ၁၄၅၃၅ ဦး၊ ကိုယ်ပိုင်ကျောင်းမှထက်အဆင့် ၂၅ ဦး၊ လယ်အဆင့် ၁၁ ဦး၊ မူအဆင့် ၁၂ ဦး၊ စုစုပေါင်း ၄၈ ဦး၊ ဘုန်းတော်ကြီးပညာသင်ကျောင်းတွင် မူအဆင့် ၅၀ ဦး၊ အားလုံး ကျောင်းသား၊ ကျောင်းသူ(၁၄၆၃၃)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)