ညောင်ဦးမြို့နယ် စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်မြေနေရာ ရွေးချယ်သတ်မှတ်ခြင်းနှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့် ရှုစစ်ဆေး

ညောင်ဦး ဇွန် ၄

နိုင်ငံတော်အစိုးရက ပြည်သူများ စာပေလေ့လာဖတ်ရှု‌စေရေး၊ အသိပညာဗဟုသုတတိုးပွား‌စေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာ ထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များ ဖွင့်လှစ်ထားရှိနိုင်ရေး ရပ်ကွက်/ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်‌ရေးတို့ကို အလေးထား စီစဉ်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာ အုပ်စု၊ သူကောင်းတည်ကျေးရွာ စာကြည့်တိုက်အသစ် ဆောက်လုပ်မည့်မြေနေရာ ရွေးချယ်သတ်မှတ်ခြင်းနှင့် မြို့နယ်အတွင်းရှိ မြေပြင်၌ အမှန်တကယ်ရှင်သန်လျက်ရှိသော ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ‌မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်၊ တာဝန်ရှိများက ယနေ့နံနက် ၁၀ နာရီအချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များအား တွေ့ဆုံ၍ မြေပြင်အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့် ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများသွားရောက်၍ နိုင်ငံတော်အစိုးရမှ စာကြည့်တိုက်ဖွင့်လှစ်နိုင်ရန် ကူညီထောက်ပံ့ပေးမည့်ရန်ပုံငွေ နှင့်သူကောင်းတည်ကျေးရွာ ကျေးရွာစာကြည့်တိုက်အသစ် ဆောက်လုပ်နိုင်ရန် မြေနေရာတို့အား ကျေးရွာပိုင်မြေဟုတ်မဟုတ်တို့အား ကွင်းဆင်းတိုင်းတာကြည့်ရှုကြသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့် ဝန်ထမ်းများက တက်သိမ်းရပ်ကွက်ရှိ စာကြည့်တိုက်နှင့် စာကြည့်တိုက်မှူးများ၊ ကော်မတီဝင်အဖွဲ့များနှင့်တွေ့ဆုံ၍  မြေပြင်၌အမှန် တကယ်ရှင်သန်စေရန်အတွက် စာကြည့်တိုက်အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယခုလိုတွေ့ဆုံရခြင်းဖြစ်‌‌ကြောင်း စာကြည့်တိုက်ဖွင့်ချိန်၊ ပိတ်ချိန် စနစ်တကျဆောင်ရွက်ရေး၊ စာအုပ်စင်၊ စာအုပ်ဗီရိုများပြည့်စုံရေး၊ စာအုပ်၊ စာစောင်များ ပိုမိုများပြားစွာရရှိရေး၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရေးစသည်တို့အား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒီပါလင်း