ချောင်းဆုံမြို့နယ်ရှိ တောင်သူများ ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံထားရှိရေး ညှိနှိုင်းဆောင်ရွက်

ချောင်းဆုံ ဇွန် ၅

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ တောင်သူများ စိုက်ပျိုးထားသည့်သီးနှံများ သတ်မှတ်မိုးရေချိန်စံညွှန်းထက် ကျော်လွန်ရွာသွန်းခြင်းကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခြင်းအတွက် လျော်ကြေးအကျိုးခံစားခွင့်ရရှိမည့် ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံထားရှိရေးအတွက် မြန်မာ့အာမခံလုပ်ငန်းမှ ယမန်နေ့ နံနက်(၁၀)နာရီက ကျွန်းသာယာခန်းမတွင် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြန်မာ့အာမခံလုပ်ငန်း မွန်ပြည်နယ်မှူး ဦးအောင်ဖုန်းမိုက ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံထားရှိရေးနှင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ သီးနှံအာမခံနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးများမှ မြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများ၏ အခြေအနေများကို တင်ပြဆွေးနွေးခြင်းနှင့် တောင်သူများကိုယ်စားသိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)